Workplaces
Hotel

Casa de Coral Boutique hotel

1 · 1 review
88/9-10 Kata Rd, Karon, Mueang Phuket District, Phuket 83100, ကတ, Phuket 0838808841

Submitted by KindSwan654

Reviews (1)

1
1 review
Salary & Benefits
1
Communication
1
Treatment of Staff
1
K
KindSwan654 29 May 2026
Full-time 2023 - 2024

ဝန်ထမ်းကို ကျွန်လို ဆက်ဆံချင်တဲ့ အလုပ်နေရာ

JD (Job Description) နဲ့ မဆိုင်သည့် အလုပ်များ သိမ်းကြုံးခိုင်းတတ်ပါသည်။ မိမိနှင့် ပက်သက်သည့် JD များ ပြီးသွားသော်လည်း နားနားနေနေ နေခွင့်မရှိဘဲ တခြား မိမိနှင့် မသက်ဆိုင်သည့် JD များကိုပါ လုပ်ခိုင်းပါသည်။ လိုအပ်ချက်အရ OT ဆင်းခိုင်သော်လည်း OT ကြေး မပေးတတ်ပါ။ လစာ အပေးနည်းပြီး နှစ်ယောက် သုံးယောက်စာ အလုပ်ကို တစ်ယောက်တည်းအား စုပုံ ခိုင်းချင်တာမျိုး ဖြစ်ပါသည်။ အလုပ်ချိန် အရမ်းများပါသည်။ ပေးထားတဲ့ လစာနှင့် မမျှသော JD များကို ခိုင်းပါသည်။ သူဌေးမ အမဆိုသူ စကားပြော မိုက်ရိုင်းပါသည်။ ဝန်ထမ်း ခဏ ခဏ ပြောင်းနေသော်လည်း သူဌေးကိုယ်တိုင်က မိမိရဲ့ လိုအပ်ချက်ကို ပြန်မဆန်းစစ်ဘဲ အသစ်ဝင်လာသည့် အလုပ်သမားများကို ထွက်သွားသည့် အလုပ်သမားကို ဆက်ဆံသည့် ပုံစံအတိုင်း အမြဲ ဆက်ဆံနေသဖြင့် အလုပ်သမား မမြဲဘဲ ခဏ ခဏ ထွက်နေကြပါသည်။

Salary & Benefits: Communication: Treatment of Staff:

Comments

No comments yet.

Report